Local News

အောင်လံကုန်စည်ဒိုင်တွင် တစ်ပါတ်အတွင်း နှမ်းမျိုးစုံစျေးများ မြင့်တက်

Last Updated:

 

အောင်လံကုန်စည်ဒိုင်တွင် တစ်ပါတ်အတွင်း နှမ်းမျိုးစုံစျေးများ မြင့်တက်

ရက်စွဲ၊ ၂၄..၂၀၂၂

မကွေးတိုင်းဒေသကြီး၊ အောင်လံကုန်စည်ဒိုင်တွင် နှမ်းမျိုးစုံအရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ တစ်ပတ်အတွင်းကာလတူ (၁၇.၈.၂၀၂၂)ရက်နေ့နှင့် နှိုင်းယှဉ်ပါက  နှမ်းများ ထွက်ပေါ်လာသော်လည်း အရည်အသွေးနှင့် ဝယ်လိုအားကြောင့် နှမ်းမျိုးစုံ စျေးများမြင့်တက် လျှက်ရှိကြောင်း သိရှိရပါသည်။  နှမ်းနက်စမုံ (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်တစ်ပတ်တွင် (၂၅၀၀ဝဝ)ကျပ်စျေး၊ ယခုတစ်ပတ် (၂၅၅၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၅၀ဝဝ)ကျပ်၊ နှမ်းပြာ (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်တစ်ပတ်တွင် (၂၂၀၀ဝဝ) ကျပ်စျေး၊ ယနေ့(၂၂၈၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၈၀ဝဝ)ကျပ်၊ နှမ်းဖြူ(၄၅) ပိဿာ(၁)အိတ်လျှင် ယခင်တစ်ပတ်တွင် (၂၂၀ဝဝဝ)ကျပ်စျေး၊ ယနေ့(၂၂၅၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၅၀ဝဝ)ကျပ်၊ နှမ်းနီ(၄၅)ပိဿာ(၁)အိတ်လျှင် ယခင်တစ်ပတ် တွင်(၂၂၅၀ဝဝ)ကျပ်စျေး၊ ယခုတစ်ပတ်(၂၃၀၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၅၀ဝဝ)ကျပ်တို့ အသီးသီးမြင့်တက်ပြီး အရောင်း အဝယ် ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

 ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News